သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပိုလီဂရပ်ဖ်.အင်ဖို

ပိုလီဂရပ်ဖ်

မြန်မာနဲ့ နိုင်ငံတကာက အမှား/အမှန်မသေချာတဲ့ သတင်းတွေကို အချက်အလက် အခြေခံပြီး အတည်ပြုထားတဲ့ ဗွီအိုအေမြန်မာပိုင်းရဲ့ ပိုလီဂရပ်ဖ် စာမျက်နှာဖြစ်ပါတယ်။

  • ရုရှားက တရားသောစစ်ဆင်နွှဲတာဖြစ်တယ်လို့ စစ်ကောင်စီခေါင်းဆောင်ပြောဆိုချက် မှန်၊ မမှန်

    ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

    ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

    စစ်ကောင်စီဥက္ကဋ္ဌ

    အနောက်နိုင်ငံတွေရဲ့ ပရောဂတွေကြောင့် ယူကရိန်းအရေးအခင်းဖြစ်ခဲ့တယ်ဆိုတာကို ကျနော်တို့ နားလည်ပါတယ်။နိုင်ငံတိုင်းဟာ ကိုယ့်နိုင်ငံသူနိုင်ငံသားတွေနဲ့ အချုပ်အချာအာဏာ နဲ့ ကိုယ့်နိုင်ငံအကျိုးစီးပွား လုံခြုံရေးအပေါ်မှာ ထိပါးလာရင် ကာကွယ်ခွင့်အပြည့်အ၀ရှိတဲ့အတွက် ကျနော်ယုံကြည်ပါတယ်။ ဒါကြောင့် ရုရှားနိုင်ငံရဲ့ နိုင်ငံတော်တည်ငြိမ်မှု ပျက်ပြားအောင် တုံ့ပြန်တဲ့အနေနဲ့ အထူးစစ်ဆင်ရေးကို ကျနော့်အနေနဲ့နားလည်ကြောင်း၊ အဆွေတော်ရဲ့ ခိုင်မာပြတ်သားတဲ့ ဦးဆောင်မှုအောက်မှာ မုချအောင်မြင်မယ်လို့ ယုံကြည်တဲ့အကြောင်းပြောလိုပါတယ်။ မြန်မာစကားပုံတခုရှိပါတယ်။ တရားသောစစ်အောင်ရမယ်ဆိုတဲ့ စကားပုံတခုရှိပါတယ်။

    Source: စစ်ကောင်စီ ပြန်ကြားရေး
    ရုရှား နဲ့ ယူကရိန်းဖြစ်ပွားနေတဲ့ စစ်ပွဲကို စစ်ကောင်စီခေါင်းဆောင်က ရုရှားအနေနဲ့ တရားသောစစ်ဆင်နွှဲနေတာဖြစ်တယ်လို့ ပြောဆိုထားပေမယ့် ကမ္ဘာတဝှမ်းမှာတော့ ရုရှားအနေနဲ့ ယူကရိန်းကို ကျူးကျော်စစ်ဆင်နွှဲတာဖြစ်တယ်လို့ ပြောဆိုကြပါတယ်။
    Read more...
အပြည့်အစုံ
XS
SM
MD
LG